Friday, October 18, 2019

နိယတ ဗျာဒိတ်ခံ အင်္ဂါ (၈) ပါး

နိယတ ဗျာဒိတ်ခံ အင်္ဂါ (၈) ပါး
             *************
၁။လူသားစင်စစ် ၂။ယောက်ျားဖြစ်လို့
၃။တိဟိတ်သန္ဓေ ဖြစ်ရပေ။

၄။ဘုရားမြတ်ရှင် ဖူးခွင့်ရလို့
၅။ရသေ့ရဟန်း ဖြစ်ရပေ။

၆။ဈာန်အဘိညာဉ် ပြည့်စုံရလို့
၇။ကိုယ် သက်မငဲ့ ဆုပန်နေ။

၈။ဘုရားဖြစ်ရန် ရည်စိတ်သန်လို့
သမ္မာဆန္ဒ ရှိရပေ။

အဲဒါက
လောင်းတော်ဘဝ ဗျာဒိတ်ရ
ရှစ်ဝ အင်္ဂါလေ။ ။
               
                  အလင်းအိမ်(တက္ကသိုလ်)
           ****** &&&&& *******

  နိယတ ဗျာဒိတ်ခံ အင်္ဂါ (၈) ပါး
              **************
၁။လူသား စင် စစ်ဖြစ်ခြင်း
၂။ယောက်ျား စင် စစ်ဖြစ်ခြင်း
၃။တိဟိတ်ပဋိသ‌န္ဓေခြင်း
   (တိဟေတုက ပဋိသ‌န္ဓိကာ)
တနည်း=ရဟန္တာ ဖြစ်နိုင်လောက်သော
               အကြောင်းပါရမီများရှိခြင်း
၄။သက်တော်ထင်ရှာ မြတ်စွာဘုရားကို
ဖူးခွင့်ရခြင်း
၅။ရသေ့ ရဟန်းဖြစ်ခြင်း
၆။ဈာန်အဘိညာဉ်ဂုဏ်၏ ပြည်စုံခြင်း
၇။မြတ်စွာဘုရား အထံတော်၌
    လွန်လွန်ကဲကဲ ပြုအပ်သော
    ကောင်းမှုရှိခြင်း
၈။ဘုရားဖြစ်ဖို့ရန် ထက်သန်သော
    ဆန္ဒရှိခြင်း
(ဏီဋ္ဌဘာဋီ၊နှာ-၂၄၆/၂၄၇/၂၄၈)

‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ,
ဟေတု သတ္ထာရဒဿနံ၊
ပဗ္ဗဇ္ဇာ ဂုဏသမ္ပတ္တိ,
အဓိကာရော စ ဆန္ဒတာ၊
အဋ္ဌဓမ္မသမောဓာနာ,
အဘိနီဟာရော သမိဇ္ဈတိ။
(ဏီဋ္ဌ၊၇၁)(ဗု။ ဝံ။ ၂။၅၉)

Friday, September 21, 2018

ပဋ္ဌာန်းပစ္စည်းပြိုင်နည်း အပိုင်း (၁)

ပဋ္ဌာန်းပစ္စည်းပြိုင်နည်း အပိုင်း (၁)
အာရမ္မဏမျိုးပြိုင်နည်း
*********
(ပဋ္ဌာန်းနည်းကို ဆရာမြတ်တို့ထံ ဆည်းကပ်၍ နည်းယူကြပါဘုရား၊ တပည့်တော်နှင့် ပဋ္ဌာန်းက နည်းနည်း ဝေးနေလို့ မှတ်မိသလောက် ပြန်စဉ်းစား၍ ရေးတင်လိုက်ပါသည်၊ တပည့်တော်၏ ဆောင်ပုဒ်များ မကြိုက်က ဆရာများတို့၏ ဆောင်ပုဒ်များအတိုင်းသာ ကျက်မှတ်ကြပါဘုရား၊ တောင်ဆိုသော ဆရာနှင့်ဝေးနေသည့် ညီနောင်အချို့အတွက်သာ ဆောင်ပုဒ်ထည့်ပေးထားခြင်း ဖြစ်ပါသည်ဘုရား၊ တပည့်တော်သည် ပဋ္ဌာန်ပစ္စည်းပြိုင်ကို မျက်ရှု ပန်းကုံး လက်ဆောင် စသည့် ကျမ်းစာများ မမြင်ဖူးခင် အချိန်(သာမကျော်တန်းတက်စဉ်) ဆရာပို့ချချက်ကို နုတ်ပြန်ထုတ်ထားခြင်းဖြစ်ပါသည်ဘုရား၊ စာကြည့်ရှုနိုင်စွမ်းရှိပါက မျက်ရှု ပန်ကုံးစသည် ပဋ္ဌာန်းအကျော် ဆရာများ၏ စာအုပ်ကိုသာ လက်စွဲပြုရန် တိုက်တွန်အပ်ပါသည်ဘုရား။)
########

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ပစ္စည်း=ရူပါယတနံ
ပစ္စယုပ္ပန်=စက္ခုဝိညာဏဓာတုယာ
ပစ္စယသတ္တိ=အာရမ္မဏပစ္စယေန ပစ္စယော

ရူပါယတနံ-အရ ပစ္စုပ္ပန်ရူပါရုံပစ္စည်းတရားသည်
စက္ခုဝိဉာဏဓာတုယာ-အရ စက္ခုဝိညာဏဓာတ် ပစ္စယုပ္ပန်တရားအား
အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ပု-တ္ထိ-အဝိ ပေါင်း(၄)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။
#######

ပဋ္ဌာန်း(၂၄)ပစ္စည်း
******
၁။ ဟေတု ၂။ အာရမ္မဏ
၃။ အဓိပတိ ၄။ အနန္တရ
၅။ သ-မနန္တရ ၆။ သဟဇာတ
၇။ အညမည ၈။ နိဿယ
၉။ ဥပနိဿယ ၁၀။ပုရေဇာတ
၁၁။ ပစ္ဆာဇာတ ၁၂။ အာသေဝန
၁၃။ ကမ္မ ၁၄။ ဝိပါက
၁၅။ အာဟာရ ၁၆။ဣန္ဒြိယ
၁၇။ ဈာန ၁၈။ မဂ္ဂ
၁၉။ သမ္ပယုတ္တ ၂၀။ ဝိပ္ပယုတ္တ
၂၁။ အတ္ထိ ၂၂။ နတ္ထိ
၂၃။ ဝိဂတ ၂၄။ အဝိဂတ

ပဋ္ဌာန်းပစ္စည်းပြိုင်ရာ၌ ရှေ့ဦးစွာအနေအားဖြင့် ပဋ္ဌာန်း(၂၄)ပစ္စည်းကို အစဉ်းအတိုင်းသိထားရမည်။ ပစ္စယသတ္တိများထုတ်ရာ၌ ပြိုင်သော ပစ္စည်းများကို ဆောင်ပုဒ်နှင့် အရကောက်ရာ၌ မှတ်လွယ်ရန်
ကြီးလေး လက်နှစ် ငယ်သုံးစသည်ဖြင့် ပဋ္ဌာန်း(၂၄)ပစ္စည်း အစဉ်မကျ ရှေ့နောက် ပြောင်းပြန် အလွယ်တကူ မှတ်ထားသော်လည်း စာဖြေရာ၌ ဟေတု အာရမ္မဏ စသည်ဖြင့် (၂၄)ပစ္စည်းအစဉ်တိုင်းသာ အစဉ်လိုက်ရေရမည်ကို သတိပြုပါ။ ပဋ္ဌာန်း(၂၄)ပစ္စည်းတွင် အရကောက်ရာ၌ ခေါင်းဆောင်(၈)ပစ္စည်း(၉)မျိုးရှိသည်။
########

ခေါင်းဆောင်(၈)ပစ္စည်း(၉)မျိုး
**********
အာ-သ-ဥ-ရေ, ပစ်-ကမ္မေ, ဟာရေ ဣံသိ ရှစ်ပစ္စည်း။

၁။ အာရမ္မဏ ပစ္စည်း
၂။ သဟဇာတ ပစ္စည်း
၃။ ဥပနိဿယ ပစ္စည်း
၄။ ပုရေဇာတ ပစ္စည်း
၅။ ပစ္ဆာဇာတ ပစ္စည်း
၆။ ကမ္မ ပစ္စည်း
၇။ အာဟာရ ပစ္စည်း
၈။ ဣန္ဒြိယ ပစ္စည်း ဟူ၍ ခေါင်းဆောင် ရှစ်ပစ္စည်း ဖြစ်သည်။

အာ-သ-နန်နှင့်, ပ-ဝတ်-ပစ္ဆာ, နာကမ္မာ, ရုပ်ဟာ ရုပ်ဣံ ကိုး။
ရှစ်အာ-ဆယ့်ငါး, သဟ ခွန်နန်၊
ခြောက်ဝတ်-လေးပစ်, သုံဖြစ်ဟာရံ၊
သုံး+ဣန်-နှစ်ပ, တစ်က ကမ္မံ၊
မျိုးကိုးဝ မှတ်ကြ ပဋ္ဌာနံ။

၁။ အာရမ္မဏ မျိူး(၈)ပစ္စည်း
၂။ သဟဇာတ မျိူး(၁၅)ပစ္စည်း
၃။ အနန္တရ မျိူး(၇)ပစ္စည်း
၄။ ဝတ္ထု မျိူး(၆)ပစ္စည်း
၅။ ပစ္ဆာဇာတ မျိူး(၄)ပစ္စည်း
၆။ အာဟာရ မျိူး(၃)ပစ္စည်း
၇။ ဣန္ဒြိယ မျိုး(၃)ပစ္စည်း
၈။ ပကတူ မျိူး(၂)ပစ္စည်း
၉။  ကမ္မ မျိူး(၁)ပစ္စည်း ဟူ၍ အမျိုးအရေအတွက်အားုဖင့် (၉)မျိုးဖြစ်သည်။
########

ပစ္စည်းနှင့် ပစ္စယုပ္ပန် မျိုးသွင်းဟန်
******
၁။ ပစ္စည်းကအာရုံ+ပစ္စယုပ္ပန်ကအာရမ္မဏိက ဖြစ်လျှင် အာရမ္မဏ မျိူး ပြိုင်ရမည်။
၂။ ပစ္စည်းနှင့် ပစ္စယုပ္ပန် အတူတကွ  ဖြစ်လျှင်သဟဇာတ မျိူး ပြိုင်ရမည်။
၃။  ပစ္စည်းနှင့် ပစ္စယုပ္ပန် ဝီထိစဉ်တခုထဲတွင်  ဖြစ်လျှင်  အနန္တရ မျိူး ပြိုင်ရမည်။
၄။ ပစ္စည်းနှင့် ပစ္စယုပ္ပန် နိဿယ
နိဿိတ ဖြစ်လျှင် ဝတ္ထု မျိူး ပြိုင်ရမည်။
၅။ ပစ္စည်းကနောက်+ပစ္စယုပ္ပန်က ရှေ့ဖြစ်နေလျှင် ပစ္ဆာဇာတ မျိူး ပြိုင်ရမည်။
၆။ ပစ္စည်းက ရုပ်အာဟာရ+ပစ္စယုပ္ပန်က အကျိူး ဖြစ်လျှင် အာဟာရ မျိူး ပြိုင်ရမည်။
၇။ ပစ္စည်းက ရုပ်ဇီဝိတိနြေ္ဒ+ပစ္စယုပ္ပန်ကအကျိုး  ဖြစ်လျှင် ဣန္ဒြိယ မျိုး ပြိုင်ရမည်။
၈။ ပစ္စည်းနှင့် ပစ္စယုပ္ပန် အရမတူလျှင် ပကတူ မျိူး ပြိုင်ရမည်။
၉။  ကံနှင့်အကျိုး   ဖြစ်ခြင်း သဘောရှိက
ကမ္မ မျိူး(၁)ပစ္စည်း ပြိုင်ရမည်။
########

အသုံးများသော(၆)မျိုး
************
အာ-သဟ-နန်, ပ-ဝတ်-ကံ,ခြောက်တန် အသုံးများ။
၁။ အာရမ္မဏ မျိုး(၈)ပစ္စည်း
၂။ သဟဇာတ မျိုး(၁၅)ပစ္စည်း
၃။ အနန္တရ မျိုး(၇)ပစ္စည်း
၄။ ပကတူ မျိုး(၂)ပစ္စည်း
၅။ ဝတ္ထုပုရေဇာတ မျိုး(၆)ပစ္စည်း
၆။ နာနက္ခဏိကကမ္မ မျိုး(၁)ပစ္စည်း

မှတ်ချက်။ ကိုးမျိုးရှိသော်လည်း စာမေးပွဲ၌ အမေးများသော ဤ(၆)မျိုးကို အထူးပိုင်အောင် လုပ်ထားသင့်သည်။
#########

၁။ အာရမ္မဏ မျိုး(၈)ပစ္စည်း
***********
အာ-ဓိ-ဥ-နိ၊ ပု-ဝိပ်-တ္ထိ၊ အဝိ ရှစ်အာရမ်။

(၁) အာရမ္မဏ
(၂) (အဓိပတိ)အာရမ္မဏာဓိပတိ
(၃) (နိဿယ)ဝတ္ထာရမ္မဏပုရေဇာတနိဿယ
(၄) (ဥပနိဿယ)အာရမ္မဏူပနိဿယ
(၅) (ပုရေဇာတ)အာရမ္မဏပုရေဇာတ
(၆) (ဝိပ္ပယုတ္တ)ဝတ္ထာရမ္မဏပုရေဇာတဝိပယုတ္တ
(၇) (အတ္ထိ)အာရမ္မဏပုရေဇာတတ္ထိ
(၈) (အဝိဂတ)အာရမ္မဏပုရေဇာတအဝိဂတ

အာရမ္မဏမျိုးလက္ခဏာ(၂)ပါး
*******
၁။ တစ်ခုက အာရုံပြုခံဖြစ်၍ တစ်ခုက အာရုံပြုတတ်သော အာရမ္မဏိကဖြစ်ခြင်း
၂။ ယင်းအာရုံတရားကို အာရမ္မဏိကတရားက ဤနေရာ၌ အာရုံပြုနေခြင်း

မှတ်ချက်။ ဤလက္ခဏာနှင့်အညီ ခွဲခြားနိုင်ရန် အာရုံ+အာရမ္မဏိက ဖြစ်ပုံကို နားလည်း ကျွမ်းကျင်အောင် လေ့လာပါ။
############

အာရမ္မဏ မျိုးပစ္စည်းပြိုင်ရာ၌
အာရုံ+အရမ္မဏိကပုံသေနည်း(၆)နည်း
*******

၁။ အာရမ္မဏ(၁)ပစ္စယသတ္တိ
(ပစ္စည်း) စိတ်-၈၉၊ စေ-၅၂၊ ရုပ်-၂၈၊ နိဗ္ဗာန်၊ ပညတ်[ဟု ဆိုအပ်သော အာရုံ ၆ပါး]
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်) စိတ်-၈၉၊ စေ-၅၂=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
#########

၂။ အာရမ္မဏ,အဓိပတိ, ဥပနိဿယ(၃)ပစ္စယသတ္တိ
********
(က)
(ပစ္စည်း) ဒေါ-ဒွေ၊ မော-ဒွေ၊ ဒုက္ခဝိညာဉ်ကြည် လောကီစိတ်-၇၆၊ ဒေါစတုတ်၊ ဝိစိကိစ္ဆာ ကြဉ် စေ-၂၂
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်) လောဘမူစိတ်-၈၊စေ-၂၂
=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ဓိ-ဥ(၃)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။

(ခ)
(ပစ္စည်း) လောကီကုသိုလ်-၁၇၊
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်) မဟာကု-၈
=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ဓိ-ဥ(၃)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။

(ဂ)
(ပစ္စည်း) အောက်မဂ်ဖိုလ်-၆၊နိဗ္ဗာန်
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်) မဟာကုဉာသံ-၄
=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ဓိ-ဥ(၃)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။

(ဃ)
(ပစ္စည်း) အရဟတ္တမဂ်/ဖိုလ်၊ နိဗ္ဗာန်
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်) မဟာကြိဉာသံ-၄
=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ဓိ-ဥ(၃)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။

(င)
(ပစ္စည်း) နိဗ္ဗာန်
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်)  လောကုတ်-၈
=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ဓိ-ဥ(၃)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။
#######
၃။ အာရမ္မဏ, ပုရေဇာတ, အတ္ထိ,အဝိဂတ(၄)ပစ္စယသတ္တိ

(ပစ္စည်း) ပစ္စုပ္ပန်နိပ္ဖန္နရုပ်-၁၈
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်) ကာမစိတ်-၅၄၊ ဒိဗ္ဗစက္ခု-ဒိဗ္ဗသောတအဘိညာဉ်
=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ပု-တ္ထိ-အဝိ(၄)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။
########

၄။ အာရမ္မဏ, ပုရေဇာတ,နိဿယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ(၆)ပစ္စယသတ္တိ

(ပစ္စည်း) စုတိစိတ်မှ ပြန်၍ရေတွက်သည်ရှိသော် ၁၇ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်) မနောဒွါရဝဇ္ဇန်၊မရဏာသန္နဇော-၅၊ တဒါရုံ
=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ပု-နိ-ဝိပ်-တ္ထိ-အဝိ(၆)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။
########

၅။ အာရမ္မဏ, အဓိပတိ,ဥပနိဿယ, ပုရေဇာတ, အတ္ထိ, အဝိဂတ(၆)ပစ္စယသတ္တိ

(ပစ္စည်း) အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ်-၁၈
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်) အလေးအမြတ်ပြုတတ်သော လောဘမူစိတ်-၈
=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ဓိ-ပု-ဥ-တ္ထိ-အဝိ(၆)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။
########

၆။ အာရမ္မဏ, အဓိပတိ,နိဿယ,ဥပနိဿယ, ပုရေဇာတ,ဝိပ္ပယုတ်, အတ္ထိ, အဝိဂတ(၆)ပစ္စယသတ္တိ

(ပစ္စည်း) အလေးအမြတ်ပြုအပ်သော စုတိစိတ်မှ ပြန်၍ရေတွက်သော် ၁၇ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု
=ပစ္စည်းတရားသည်
(ပစ္စယုပ္ပန်) အလေးအမြတ်ပြုတတ်သော လောဘမူမရဏသန္နဇော-၅
=ပစ္စယုပ္ပန်းတရားအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိကား အာ-ဓိ-ပု-နိ-ဥ-ဝိပ်-တ္ထိ-အဝိ(၆)ပစ္စယသတ္တိတို့ ဖြစ်ပါသည်။

(ဆောင်) ဘောဘမူသည် ဒေါသမူမောဟ, ဒုက္ခကြဉ်ဖယ်, ခုနစ်ဆယ့်ခြောက်ခု, လောကီစုနှင့်၊ စတုဇိဋ္ဌံ, ရုပ်နိပ္ဖန်ကို, ကြည်ညိုသမှု, အလေးပြု၏။
ကုသိုလ်ကာမ,စိတ်အဋ္ဌလည်း, လောကခေါ်ဆို, ကုသိုလ်သတ္တရသ်, လွန်လေးမြတ်၏။
ရှစ်မှတ်သမုတ်, သမ္ပယုတ်လည်း, လောကုတ်နဝံ, သ-သကံကို,ချေငံစွဲမှိတ်၊ လောကုတ်စိတ်လည်း, အောက်မြိတ်နိဗ္ဗူ, အလေးမူသည်, ဘုန်းလူဇိနော်, မော်ကွန်တည်း။ (လင်္ကာရှင်းချက်ကိုဝီထိနှင့်သုံးချက်စုစာအုပ်နှင့် သဂြိုဟ်ဘာသာဋီကာ-အာရမ္မဏပစ္စည်းဆိုင်ရာ၌ကြည့်ပါ)
#######

အာရမ္မဏပစ္စည်းပြိုင်ပုံသေနည်း
*********
လက္ခဏာနှစ်ပါးဖြင့် စီစစ်ပြီးပါက အာရမ္မဏ မျိုးဖြစ်

၁။ အာရုံ-အရမ္မဏိက ဖြစ်လျှင် အာရမ္မဏ ရ၏။
၂။ နိပ္ဖန္နရုပ်ပါလျှင်
အာ-ပု-တ္ထိ-အဝိ (၄) ပစ္စယသတ္တိထုတ်။
၃။ ပစ္စည်းအရ ဟဒယဝတ္ထုပါလျှင်
အာ-နိ-ဝိပ်  (၃) ပစ္စယသတ္တိထုတ်။
၄။ ပစ္စယုပ္ပန်အရ လောဘမူ-၈၊မဟာကု-၈၊ လောကုတ်-၈၊ ဉာသံ-၄ပါလျှင် အာ-ဓိ-ဥ  (၃) ပစ္စယသတ္တိထုတ်။
******
မှတ်ချက်။ ဤအာရမ္မဏပုံသေနည်း(၆)အုပ်စုကို နေ့စဉ် အလွတ်ပြန်ဆိုထားပါ။
အာရမ္မဏလက္ခဏာ နှစ်မျိုးဖြင့်ညီက အာရုံ+အာရမ္မဏိကကို ဤအာရမ္မဏ(၆)ချက်တွင် သွင်း၍ အလွယ်တကူ ပစ္စည်းပြိုင်နိုင်မည်။
ဆရာများထံ စာဝါလိုက်သည့်အခါ အလွယ်တကူ သဘောပေါက်မည်။ ဆရာမရှိကလည်း ဆရားမြတ်တို့၏ စာအုပ်များ၌ ထုတ်ထားသော အဖြေများကို ဤပုံသေနည်းဖြင့် စစ်ကြည့်ပါ။
##########

နိပ္ဖန္နရုပ်-၁၈ပါး
*****
မဟာဘုတ်(၄)ပါး
ပသာဒရုပ်(၅)ပါး
[ရူပါရုံ,သဒ္ဒါရုံ,ဂန္ဓာရုံ,ရသာရုံ ဟူသော] ဂေါစရရုပ်(၄)ပါး
ဘာဝရုပ်(၂)ပါး
ဟဒယဝတ္ထုရုပ်(၁)ပါး
ဇီဝိတရုပ်(၁)ပါး
အာဟာရရုပ်(၁)ပါး တိုဖြစ်သည်။

(အရကောက်တွင်ပါသော စိတ်-၈၉၊ စေ-၅၂ စသည်တို့ကိုကား သဂြိုဟ်ကျမ်းတွင် ပြန်လေ့လာပါ။)

ဘုရားတပည့်တော်သည် ယခုပြထာသော အာရမ္မဏဆိုင်ရာပဋ္ဌာန်းပစ္စည်းအြိုင်ရာ၌ ဤအာရမ္မဏမျိုးပြိုင် အရကောက်ပုံနေနည်းဖြင့်သာ သာမဏေကျော်တတိယဆင့် ဝိနည်း(ပါရာဇိကဏ်နှင့်ပါစိတ်ဘာသာ)နံပါတ်(၁၀)၊ အင်္ဂုတ္တုရ် (အဋ္ဌက,နဝက,ဒသက,ဧကာဒသ)နံပါတ်(၁၀)၊ ဓမ္မပဒအဋ္ဌကထာ(ဇရာဝဂ် မှ အဆုံးအထိ ၁၆ဝဂ်)နံပါတ်(၁၀)၊ ပဋ္ဌာန်းပြိုင် မေးခွန်းများကိုလည်းကောင်း၊
ဓမ္မာစရိယတန် အဋ္ဌသာလိနီဒုတိယနေ့ နံပါတ်(၁၀) ပဋ္ဌာန်ပစ္စည်းပြိုင်ကို ဖြေဆိုလေ့ရှိခဲ့သည်။
ထိုထက် ပိုလွန်၍ စနစ်တကျ သိရှိလိုပါက ဆရာမြန်တို့၏ ပစ္စည်းပြိုင်နည်း စာအုပ်များကို ကြည့်ရှုလေ့လာကြပါ။
########
ဓမ္မာစရိယအလင်အိမ်